Den blomstertid nu kommer: The Unthinkable (2018)

8
0 0
Episodes
EP 1
Movie Information
IMDB: 7.2
Year: 2018
Category: Thriller
MORE INFORMATION 

ဒီဇာတ်​ကားလေးကတော့ ဆွီဒင်​ရုပ်​ရှင်​လောကရဲ့ အကောင်းဆုံးလို့ပြောရမယ့်

ထွန်းပေါက်​အောင်​မြင်​ခဲ့တဲ့ ဆွီဒင်​ဇာတ်​ကားကောင်းလေးပဲဖြစ်​ပါတယ်

Rating 7 ရရှိထားပြီးတော့ ကြာမြင့်ချိန် ၂ နာရီကျော်ကို

အပြည့်အ၀ကြည့်ရမယ့်

အလွန်​တရာမှလည်း သဘာဝကျတဲ့ ကားကောင်းလေးတစ်​ကားပါ

ဇာတ်​လမ်းပုံစံကတော့ ကိုရီးယားရုပ်​ရှင်​လောကမှာ မှတ်​ကျောက်​တစ်​ခုတင်​နိုင်​ခဲ့တဲ့

“Train to busan “လို နိုင်​ငံတစ်​ဝှမ်းမှာ ကပ်​ဆိုးကျရောက်​ပြီး အသက်​ရှင်​သန်​ဖို့အတွက်

 ရုန်းကန်​ခဲ့ရတာတွေကို ရိုက်​ပြထားတဲ့ ဇာတ်​လမ်းအသွားအလာမျိုးပါပဲ……….

ဇာတ်​ကားအစမှာ ဇာတ်​ရှိန်​နည်းနည်းအေးတယ်​ဆိုပေမယ့်

တဖြည်းဖြည်းဇာတ်​ရှိန်​ မြင့်​တက်​လာအောင်​ဆွဲခေါ်သွားတာတွေ့ရမှာပါ ………

ဇာတ်​ညွှန်းလေးကို မပြောခင်​မှာ ….

ဆွီဒင်​နိုင်​ငံရဲ့ နောက်​ခံအချက်​အလက်​လေးတွေကို ပြောပြချင်​ပါသေးတယ်​…..

ဆွီဒင်​နိုင်​ငံဟာ ဥရောပတိုက်​မှာ တည်​ရှိပြီးတော့

မြို့တော်​ကတော့ စတော့ဟွန်းမြို့ပါ

လူဦးရေအားဖြင့်​ ၁၀ သန်းကျော်​တည်​ရှိပြီး နိုင်​ငံတော်​ကာကွယ်​ရေးအတွက်

အမြဲတမ်းတပ်​ဖွဲ့ဝင်​ကတော့ စစ်​သည်​ ၂သောင်းကျော်​ပဲ ခန့်​အပ်​ထားပါတယ်

 နိုင်​ငံအတွက်​ လိုအပ်​လာရင်​တော့ လူဦးရေ ယောက်ျား၊မိန်းမပေါင်း

သိန်း ၅၀ကျော်​လောက်​ကို စစ်​မှုထမ်းဆောင်​ဖို့အတွက်

 အရန်​သင့်​လျာထားတာ ရှိပါတယ်

အခုလို ကပ်​ဆိုးဖြစ်​လာပြီး ထိခို​က်​နစ်​နာမှုမြန်​ဆန်​တဲ့အခါ ဆိုရင်​တော့

အမြဲတမ်းတပ်​ဖွဲ့ဝင်​ စစ်​သား ၂သောင်းကျော်​လောက်​နဲ့ ပြည်​သူ ၁၀သန်းကို

ကာကွယ်​ပေးဖို့ ဆိုတာ တော်​တော်​ခက်​ခဲမယ်​ဆိုတာကို မှန်းဆမိမှာပါ….

ကူးစက်​မှုမြန်​ဆန်​စွာနဲ့ ဆွီဒင်​နိုင်​ငံထိပ်သီးအစိုးရအဖွဲ့ဝင်​အားလုံး

အရင်​ဆုံးကျဆုံးသွားခဲ့မယ်​ဆိုရင်​တော့ နိုင်​ငံတစ်​ခုလုံး ပရမ်းပတာဖြစ်​သွားမှာပါ …….

ဇာတ်​ညွှန်းလေးကို ပြောပြရရင်​တော့…..

ဆွီဒင်​နိုင်​ငံရဲ့အထိမ်းအမှတ်​နေ့တစ်​ခုဖြစ်​တဲ့ MidSummer Dayနေ့မှာ ဖြစ်​ခဲ့တာပါ

ဘာအကြောင်းအရင်းကြောင့်​မှန်းမသိဘဲ ကောင်းကင်​တစ်​ခုလုံးက

ဌက်​တွေ မြေပြင်​ပေါ်ပြုတ်​ကျ သေဆုံးလာတာကနေအစပြုပြီးတော့

နိုင်​ငံတစ်​ခုလုံး ကပ်​ဆိုးဝင်​ခဲ့တာပါ

ကိုယ်​ချစ်​ခင်​ရတဲ့သူတွေ ကိုယ်​ရင်းနှီးတဲ့သူတွေ ကူးစက်​ခံရတာကို

ကယ်​တင်​နိုင်​ခြင်းမရှိဘဲ ဆွီဒင်​အစိုးရအဖွဲ့ဝင်​တွေကိုယ်​တိုင်

ပျက်​စီးယိုယွင်းသွားတဲ့အတွက်​ ကယ်​သူမဲ့တဲ့ အခြေအနေမှာ

ကိုယ်​အသက်​ရှင်​ဖို့ ကိုယ်​တိုင်​ရုန်းကန်​ကြရင်း

တဦးနဲ့တဦးဖေးမကူညီပြီး ရင်​ဆိုင်​ရပါတော့တယ်​…

ကဲ…အဲ့ဒီတော့ အားလုံးအနေနဲ့ ဘယ်​လို ကပ်​ရောဂါဆိုးကြောင့်

ဆွီဒင်​အစိုးရအပါအဝင်​ ပြည်​သူအားလုံး ဒုက္ခရောက်​ခဲ့ကြသလဲ

ပြီးတော့ ဘယ်​သူတွေက သေချာအကွက်​ချပြီး

ဆိုးရွားမှုတွေကိုဖန်​တီးခဲ့တာလဲ ဆိုတာကိုတော့ ပိတ်​ကားပေါ်မှာဆက်​လက်​ရှုစားကြပါ….

(ဒီဇာတ်ကားကိုအညွှန်းနဲ့ဘာသာပြန်ပေးတာကတော့ Mg King ပဲဖြစ်ပါတယ်….)

 

File Size : (1 GB) and (305 MB)
Quality : BluRay 720p
Running Time : 2hr 09min
Format : Mp4
Genre : Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Mg King 
Encoded by Moe Myint Lwin