Law Abiding Citizen ( 2009 )

27
0 0
Episodes
EP 1
Movie Information
IMDB: 7.4
Year: 2009
Category: Crime
MORE INFORMATION 

lac

 

အမေရိကန်လို ဥပဒေတင်းကျပ်တဲ့ နိုင်ငံမျိုးမှာတောင် ရာဇဝတ်မှုဆိုတာ ကိုယ့်အိမ်တံခါးဝကို အချိန်မရွေးရောက်လာနိုင်တဲ့ နတ်ဆိုးတစ်ကောင်ပါပဲ…အဲ့ဒီနတ်ဆိုးဟာ တစ်နေ့တော့ ကလိုက်ဒ် ရှယ်တန် ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ် …
ကလိုက်ဒ်တို့ မိသားစု ညစာစားဖို့ပြင်ဆင်နေတုန်း ဘယ်ကမှန်းမသိတဲ့လူတွေ အိမ်ထဲ ဇွတ်ဝင်ရောက်လာပြီးတော့ ပစ္စည်းတွေလုယက်လို့ သူ့ရဲ့မိန်းမနဲ့ လူမမည်သေးတဲ့ သမီးလေးကိုပါ သတ်သွားခဲ့ကြတယ်…

ကံဆိုးတာလား ကံကောင်းတာလား မသိတာတစ်ခုက ကလိုက်ဒ်တစ်ယောက်ပဲ အသက်ပြင်းလို့ မသေပဲကျန်ခဲ့တယ်ပေါ့…
ဇာတ်လမ်းလေးက အစမှာ ယဉ်သကို ဆိုသလိုပဲ အထက်ပါအတိုင်း ဇာတ်လမ်းစထားပြီးတော့ အလယ်မှာ ဇာတ်လမ်း အရှိန် တဖြည်းဖြည်း မြင့်တက်လာရာကနေ နောက်ဆုံးမှာ လှလှပပ အဆုံးသတ်သွားခဲ့ပါတယ်..

ဇာတ်လမ်းအရသာပျက်သွားမှာစိုးလို့ ရီဗျူးတောင်မရေးရဲလောက်အောင်ပါပဲ…သေချာတာတစ်ခုကတော့ မှုခင်းကားတွေ စုံထောက်ဇာတ်လမ်းတွေ သည်းထိတ်ရင်ဖိုတွေ သဘောကျ နှစ်သက်သူတွေအတွက်ကတော့ မကြည့်မိရင် နောင်တရစေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်
သရုပ်ဆောင်တွေကလည်း တကယ့်စတားတွေဖြစ်ကြတဲ့ Gerard Butler တို့ Jamie Foxx တို့ အဓိကပါဝင်သရုပ်ဆာင်ထားပြီးတော့ IMDb မှာလည်း 7.4 / 10 တောင်ရရှိထားပါတယ်။
ကိုယ်တိုင်ပဲ ကြည့်ရှူခံစားတော်မူပါ။

 

File size…(1.9 GB) and (950 MB)
Quality….Blu-Ray 1080p 5.1 Ch & 720p
Format…mp4
Duration….01:58:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Zuel Khant Thwin