Training Day(2001)

8
0 0
Episodes
EP 1
Movie Information
IMDB: 7.7
Year: 2001
Category: Crime
MORE INFORMATION 

Training Day(2001)

IMDb….7.7,,,,Rotten….77%

ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ… သူတို့ပါရင် အဲ့ဒီကားက တနည်းမဟုတ်

တစ်နည်းကောင်းကိုကောင်းနေတတ်တာ….ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အ၀ါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး….ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ…

ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်….သူပါဝင်သရုပ်ဆောင်ထားတဲ့

The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire  စသည်ဖြင့် နာမည်ကြီး

ကားများစွာကို သိရှိကြမယ်ထင်ပါတယ်….ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်…

ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်….ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်…

ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး……သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်…

တစ်ခုတော့ သတိပေးပါရစေ…ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ  ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆို

ဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ….